မြန်အောင်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးနှင့် ဒေသတွင်းလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မြန်အောင် ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ယနေ့နံနက်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးနှင့် ဒေသတွင်းလုံခြုံရေး စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေး စစ်ဆေးခြင်းနှင့် ဒေသတွင်း လုံခြုံရေးစစ်ဆေးခြင်း များကိုမြန်အောင်မြို့ ရွှေမြင်တင်လမ်းဆုံ မီးပွိုင့်၌မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများယာဥ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေးခြင်းများ၊ ခရီးသည်နှင့်ကုန်စည်ပိုဆောင်ရေး ကားများ၊ ဆိုင်ကယ်များ စစ်ဆေးခြင်း၊ တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးခြင်းများ ဆောင်ရွက် လျက် ရှိရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းတို့က ကြည့်ရှု၍ပြည်သူများ စည်းကမ်းလိုက်နာရေး ကြပ်မတ်စစ်ဆေးခြင်းများ စဥ်ဆက်မပြတ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)