ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၊ ပန်းမျိုးတစ်ရာခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ

ညောင်ဦး  ဒီဇင်ဘာ 

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ညောင်ဦးမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာမ၌ ယနေ့နံနက် ၉ နာရီခွဲက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်သူ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှဒေါ်သူဇာစိုး (ဦးစီးအရာရှိ) က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြော ကြားကာ ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် ညောင်ဦးမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ မရွှန်းလဲ့လဲ့ပိုင် (Grade-11) က လူငယ်နှင်ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဟန်မျိုးသွင် (Grade-10) က လူငယ်နှင့် စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မင်းဇော်ဟန် (Grade-10) က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစံရတီ (Grade-10) က လူငယ်နှင့်မူးယစ်ဆေး၊ မမိုးခက်ဝေ (Grade-9) က လူငယ်နှင့်ယဉ် ကျေးမှုခေါင်းစဉ်တို့ဖြင့်ဦးဆောင်၍ အကြောင်းအရာခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြ ပြီးတက်ရောက်လာသည့် ကျေုာင်းသား၊ ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်များကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ) က ပြန်လည်ဖြည့်စွက်ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြရာ စုစုပေါင်းအင်အား (၃၀၀) ဦးတို့ လူငယ်စကားဝိုင်းအား တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ