စစ်ကိုင်း ဒီဇင်ဘာ ၇
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစုအခြေခံပညာ အလယ်တန်း ကျောင်းခွဲတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောဆွေးနွေပွဲကို အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကလေးအလုပ်သမားဆိုသည်မှာ ဘာလဲ၊ ကလေးအလုပ်သမားများ၏ အကျိုးဆက် များ၊ ကလေးအလုပ်သမားရင်ဆိုင်ရခြင်း၊ အလုပ်ရှင်များ၏ တုံ့ပြန်ချက်များနှင့် စိစစ်ခြင်းများ၊ ဘေးဥပါဒ်အန္တရာယ် ကျရောက်နေသော ကလေးသူငယ်အလုပ်သမားများ၊ အလုပ်ရှင် အဖွဲ့အစည်းများမှ ကူညီနိုင်မည့် လုပ်ငန်းစဉ်များ၊ ကလေးအလုပ်သမားဆန့်ကျင်ရာတွင် အလုပ်ရှင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေး ပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်း၊ သုတ/ရသ စာအုပ်/ စာစောင်များအခမဲ့ငှားရမ်းပေး ခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ဇော်မြင့်နိုင်