ကျောက်တံတားမြို့နယ်၌ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျောက်တံတား ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးကို အထူးလိုက် နာဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာများ ဆူးလေဘုရား ရွှေသင်္ကန်းကပ်လှူရန်အတွက်ပါဝင် လှူဒါန်းနိုင်ရေးနှိုးဆော်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဒီဇင်ဘာလူထုလမ်း လျှောက်ပွဲအား မပျက်မကွက် လာရောက်ကြစေလိုကြောင်း၊ ထူးခြားဖြစ်စဉ်သတင်းများအား အချိန်နှင့်တစ်ပြေးညီ တင်ပြကြစေလို ကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးတာဝန်ဆောင်ရွက်နေမှုများ၊ မြို့နယ်လဝကမှူးမှ ပြည်သူများ မဲပေးနိုင်ရေး မဲစာရင်းမှန်ကန်တိကျရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း နှင့်တက်ရောက် လာသော ဌာနဆိုင်ရာများမှလည်း ဌာနအလိုက် ဆောင်ရွက်နေမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြသည်။

ကျောက်တံတားမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများအဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်တံတား(ပြန်/ဆက်)