ပန်းတနော် ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်ရှိ မြေသြဇာအရောင်းဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော မြေသြဇာများ ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးအရာရှိဦးအောင်လွင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှတာဝန်ခံတို့က စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၄၃) အရ မြေသြဇာအိတ်များတွင် ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော မြေသြဇာများရောင်းချ နေသည်ကိုတွေ့ရှိပါက ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေသြဇာအရောင်းဆိုင်များအား လိုက်လံအသိပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)