နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

ထန်ပါခွေ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဒီဇင်ဘာလ (၃) ရက်နေ့မှ စတင်ကာ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက် ရှိကြောင်းသိရသည်။

အဆိုပါ ကျောင်းတွင်း အားကစားပြိုင်ပွဲတွင် ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးမင်းအောင်က အသင်းအလိုက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အားကစား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် အသင်းများက အသင်းအလိုက် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် ရက်အလိုက် အထက်တန်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် အသင်း (၅) သင်းမှ ဘော်လီဘော အားကစားနည်းကိုလည်းကောင်း၊ အထက်တန်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင်အသင်း (၅) သင်းမှ ခြင်းလုံးအားကစားနည်းကိုလည်းကောင်း၊ မူလတန်းအဆင့် ပြိုင်ပွဲဝင် အသင်း (၅) သင်းမှ ထုတ်စည်းထိုးအားကစားနည်းကိုလည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲဝင်အသင်းများမှ ဘောလုံးအားကစားနည်းကိုလည်းကောင်း၊ အသီးသီး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

အလန်