ဟုမ္မလင်း ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံဆေးတိုက်ပေးခြင်းကို ဟုမ္မလင်း မြို့နယ် ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်ရောင်အသားဝါ (ဘီ) -ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) စသည့် ကာကွယ်ဆေးကို တိုက်ကျွေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဒီဇင်ဘာလ (၅) ရက် နေ့မှ (၇) ရက်နေ့အထိ ၃ ရက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လင်းလင်း (ပြန်/ဆက်)