တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ်

တနင်္သာရီ  ဒီဇင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်  တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမအတွင်း ယနေ့နံနက်၁၀နာရီခွဲအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် မြို့နယ်မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက“မီးသတ်တပ်ဖွဲ့ရဲ့တာဝန်ကြီး(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး လုပ်ငန်းအပြင်  မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းနဲ့ မီးငြိမ်းသတ်ရေး လုပ်ငန်းစတဲ့မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်များကို လက်တွေ့မှာ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းအားထုတ်စေလိုကြောင်း” အဖွင့်အမှာစကားပြော ကြားသည်။

ဆက်လက်၍ မြို့နယ်မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနမှူးဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်တို့က သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများပေးအပ်ကြပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

၎င်းသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှူး ရုံးမှကြီးမှူး၍  ကျေးရွာအသီးသီးရှိ  အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့်မီးငြိမ်းသတ်ရေးလုပ်ငန်းများကို စနစ်တကျသိရှိနားလည်ပြီး အရေးကြုံလာပါက လျင်မြန်ထိရောက်စွာ ပူးပေါင်းတာဝန်ထမ်းဆောင်နိုင်စေရန်ရည်ရွယ်ဖွင့် လှစ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအသီးသီးမှ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား(၁၀၀)ဦးတို့အား ဒီဇင်ဘာလ(၅ရက်နေ့မှ (၃၀)ရက်နေ့အထိ (၂၆)ရက်တာကာလအတွင်း လက်နက်မဲ့စစ်ရေးပြ (စာတွေ့/လက်တွေ့)၊ မီးသတ်ပညာရပ်(စာတွေ့/လက်တွေ့)နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ(စာတွေ့/လက်တွေ့)စသည်ဘာသာ ရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်ထံက သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)