လားရှိုး ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ သင်တန်းခန်းမ တွင် ယနေ့ နံနက် (၁၀)နာရီအချိန်က အခြေခံကွန်ပျူ တာသင်တန်း(၃/၂၀၂၂)ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကေသွယ်ဟန်က အခမဲ့ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကွန်ပျူတာသင်တန်းဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးသော ဆရာ/ဆရာမများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းဆရာ ဦးထက်မြက်စိုးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူမျာအား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre တွင် အခမဲ့ Zumba အကသင်တန်း၊ ယောဂသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ ကိုးရီယားဘာသာစကားသင်တန်းများအား အခါအားလျော်စွာ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး