ကျောက်ဆည် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာ ကွင်းအမှတ်(၂၂၀) တောင်သူ ဦးကျော်လင်း စိုက်ပျိုးထားသော ရွှေတောင်-၈ ဝါများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရန်အတွက် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရွှေတောင်ဝါများကို အပင်မကြပ်စေရန်နှင့်မျိုးစေ့သက်သာစေရန် အတွက် စိုက်ကျင်းတစ်ကျင်း၌ မျိုးစေ့(၃)စေ့ထက်မပိုဘဲ တစ်ဧကတွင် မြေခံအဖြစ် နွားချေးလှည်း(၁၀) စီးနှင့် ကွန်ပေါင်းမြေဩဇာ(၁)အိတ်၊ အပိန့်ဝင်ချိန်နှင့်အပွင့်ဝင်ချိန်၌ (၆)လက်မအကွာ အပင်ခြေပတ် လည်တွင် ကွန်ပေါင်းအိတ်ဝက်နှင့်ယူရီးယားအိတ်ဝက် ထည့်သွင်းစိုက်ပျိုးထားကြောင်းနှင့် တစ်ဧက သတ်မှတ်အပင်ဦးရေ ပြည့်မီစေရန် စိုက်တန်းတစ်တန်းနှင့်တစ်တန်း(၃)ပေ၊ စိုက်ကျင်းတစ်ကျင်းနှင့် တစ်ကျင်း(၃)ပေအကွာ စိုက်ပျိုးပြီး သက်တမ်း(၁၈)ရက်နှင့်(၂၁)ရက်အတွင်း ရွက်ဆစ်(၃-၄) ရွက် ထွက်ချိန်တွင် စိုက်ကျင်းတစ်ကျင်း (၂)ပင်ချန်ကာ သားခွဲခြင်းများ ဆောင်ရွက်ကြောင်း၊ ပေါင်းမြက်ကင်း စင်ရေး စိုက်တန်းများအကြားကြားထွန် တိုက်ခြင်းများပြုလုပ်ပေးပြီး စုပ်ပိုးကာကွယ်ဆေး၊ဝါဂွမ်းပိုးနီနှင့် ရွက်လိပ်ရွက်စားပိုးကာကွယ်ဆေး ဖျန်းပေး ခြင်းများပြုလုပ်၍စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး မိုးနှောင်းဝါများကို တိုက်နယ်(၆)မှ ကျေးရွာအုပ်စု(၅) အုပ်စုတွင် (၇၈၀)ဧက၊ တိုက်နယ် (၇)မှ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် (၁၁၁၅)ဧက၊ တိုက်နယ်(၈)မှ ကျေးရွာအုပ်စု(၈)အုပ်စုတွင် (၆၅၂)ဧက၊ တိုက်နယ်(၁၂)မှ ကျေးရွာ အုပ်စု(၇)အုပ်စုတွင်(၁၂၇၀)ဧက စုစုပေါင်း (၃၈၁၇) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှ သိရသည်။
သက်မောင်(ကျောက်ဆည်)