ပျော်ဘွယ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

ပျော်ဘွယ် ဒီဇင်ဘာ ၅

ပျော်ဘွယ်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံလူတန်းစားများအဆင်ပြေချောမွေ့စေရန်အတွက် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းအား ယနေ့နံနက်(၇)နာရီက ရွှေပြည်ရန်နိုင်ရပ်ကွက်အတွင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ရောင်းချရာတွင် ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် (၁၀)အိတ်၊ ကြက်ဥ(၁)လုံးလျှင်(၁၇၀)ကျပ် နှုန်းဖြင့် အလုံး(၁၀၀၀)၊ ကြက်သွန်ဖြူတစ်ပိတ်ဿာလျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် (၂၀) ပိဿာ၊ စားသုံးဆီ (၅၀) ကျပ်သားလျှင် (၂၆၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၂၅၀)တို့အပြင် ရုံးပတီသီး၊ ပဲဇောင်ဝါသီး၊ ချဉ်ပေါင်ရွက်၊ ကန်ဇွန်းရွက် စသည်တို့အား ပြင်ပဈေးနှုန်းထက်ချိုသာစွာ ရောင်းချပေးခဲ့ကြသည်။

ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသည့် အခြေခံစားသောက်ကုန်များအား ရပ်ကွက်အတွင်းရှိအခြေခံ လူတန်းစားများမှလာရောက်ဝယ်ယူကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေးခဲ့ပြီး နှာခေါင်းစည်းများကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)