မုဒုံ ဒီဇင်ဘာ ၅
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနသည် ပညာရေး ဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာမူလတန်း(လွန်) ကျွန်းရွာလမ်း စာသင်ကျောင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/ ကျောင်းသူများ အတွေးအခေါ် မြင့်မားလာစေရေး၊ ကျောင်းစာအပြင် အခြားအသိပညာဗဟုသုတများနှင့် ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရန် စာပေလေ့လာဖတ်ရှုကြစေရေး၊ ယာဥ်စည်းကမ်း လမ်း စည်ကမ်းဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောသည်။
ထို့နောက် ကျောင်းသား/ သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည် ပြိုင်ပွဲကိုကျင်းပပြုလုပ်ပြီး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ပြသရာ ကျောင်းသား/ သူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)