မြောက်ဥက္ကလာပ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က အသင်းဝင်များအနေဖြင့် နှစ်စဉ်ထုတ်ဝေသည့် ဥက္ကလာပမဂ္ဂဇင်းအတွက် ကဗျာ၊ ဆောင်ပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားကြရန်နှင့် စာပေဝါသနာရှင်များအားဖိတ်ခေါ်ရန်၊ ဘဏ္ဍာရေးမှူးအနေဖြင့် ငွေကြးဆိုင်ရာကိစ္စရပ်များအား ရှင်းရှင်းလင်းလင်းဆောင်ရွက်ထားရှိရန်၊ ယခုလအတွင်း ပြန်/ဆက်နှင့်ပူးပေါင်း၍
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ရန်ပုံငွေများရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အစည်းအဝေးကို မပျက်မကွက်တက်ရောက်ပေးစေလိုကြောင်း စာပေနှင့်ပတ်သက်သည့်လုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြဝင်း