ဆီဆိုင် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု အထိမ်းအမှတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီက ဆီဆိုင်မြို့ သမဝါယမဦးစီးဌာနရုံးရှေ့တွင် စတင်၍ ဆီဆိုင်-တောင်ကြီး ပြည်ထောင်စု လမ်းမကြီးအတိုင်း အမှတ်(၄၂၃)ခြေမြန်တပ်ရင်းရှေ့အထိ စုပေါင်း လမ်းလျှောက်ကြပြီး မြို့နယ် ခန်းမဆောင်ရှေ့တွင် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတို့က တပျော်တပါးစုပေါင်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)