ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာမသန် စွမ်းသူများနေ့" အထိမ်းအမှတ်နေ့အသိပညာပေး Talk Show ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းမှ Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်း(၃) ဒေါ်ဂျူးလဲ့မွန်မှ မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်းသူများနှင့်ပတ်သက်၍ ပြဌာန်းထားသည့်ဥပဒေများ၊ မသန်စွမ်းသူများအလိုက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေမှု၊မသန် စွမ်းအဆင့်သတ်မှတ်ခြင်း၊ မသန်စွမ်းသင်တန်းကျောင်း ဖွင့်လှစ်၍ လေ့ကျင့်ပြုစုပျိုးထောင်ပေးမှုများ၊ ထို့အတူ မသန်စွမ်းသူများအလိုက် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ပြီး အမြင်အာရုံမသန်စွမ်းသူများ၏ မျက်မမြင်အကြောပြင် အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ အကြားအာရုံမသန်စွမ်းသူများအတွက် သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ရေးစီမံကိန်း၊ကိုယ်အင်္ဂါမသန်စွမ်းသူမျာအတွက်အသက်မွေးဝမ်းကျောင်းဆိုင်ရာစီမံကိန်း၊ ညဏ်ရည်မသန်စွမ်းသူများအတွက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေမှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)