မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလူထုလမ်း​လျှောက်ပွဲကျင်းပ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြင့် စုပေါင်းလမ်းလျှောက်ပွဲ‌ဆောင်ရွက်ခြင်းအား ယနေ့နံနက် (၅) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သမ္မာသမ္ဗုဒ္ဓ မြို့စေတီတော်အထိ စုပေါင်းချီတက်လမ်းလျှောက်ခဲ့ကြသည်။

အဆိုပါလူထုအားကစား လမ်းလျှောက်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ မြို့နယ်နေပြည်သူများ ပါဝင်ချီတက်လမ်းလျှောက်ခဲ့ကြပြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်နှင့် ဝန်ထမ်းများမှ သွေးပူလေ့ကျင့်ခန်း၊ အကြောလျော့လေ့ကျင့်ခန်းများအား သရုပ်ပြဆောင်ရွက်ပေးခဲ့ကြောင်: သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)