စလင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့်ပုံစံ (၆၆/၆) တိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

စလင်း  ဒီဇင်ဘာ  ၃

မကွေးတိုင်ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ မြေပြင်လူဦးရေစာရင်းကောက်ယူရေးပုံစံ (၆၆/ ၆) တိုက်ဆိုင် စစ်ဆေးစာရင်းကောက်ယူနိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင်  စလင်းမြို့နယ် မြေပြင်လူဦးရေစာရင်း  ကောက်ယူနိုင်ရေးကြီးကြပ်မှုကော်မတီ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ခဲ့သည်။ ထိုသို့အဖွင့်အမှာစကားပြောကြားရာတွင်  မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် ယခင်ကလဲ ဖွဲ့စည်း၍ တာဝန်များပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုမြေပြင်စာရင်းကောက်ယူနိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးထင်လင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအောင်သူ၊ အဖွဲ့ဝင် ဦးစိန်လင်း၊ မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာတင့်ဆွေနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများဖြစ်သည့် (Server) အတွင်း ထည့်သွင်းထားရှိသည့်  အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အား မြေပြဏ္ဌာန် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် မမြို့နယ်အတွင်း‌‌ မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းဆောင်ရွက် ရခြင်းဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများအားတာဝန်ချထားပေးခဲ့ကာ တစ်အိမ်တက်ဆင်း ကောက်ယူနိုင်ရန်အတွက် ဖွဲ့စည်းတာဝန်များ ပေးခဲ့သည်။ သက်ဆိုင်ရာဌာနများအနေဖြင့် မိမိဝန်ထမ်းများအား မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပါဝင်စေပြီး ရပ်မိရပ်ဖများနှင့် လည်းပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်အလိုက် (၅) အုပ်စုအနည်းဆုံး ဖွဲ့စည်းတာဝန်ပေးအပ်ရမှာဖြစ်ပြီး လုပ်ငန်းတာဝန်များကို စနစ်တကျလုပ်ဆောင်ကြရန်နှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပြီး အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများမှ ကြီးကြပ်ရမှာဖြစ်ကြောင်း အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားသွားခဲ့သည်။

ထို့နောက် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးတင်အေးကထပ်ဆင့်၍ မြေပြင်လူဦးရေစာရင်းကောက်ယူရန်နှင့် ပတ်သက်ပြီး ထပ်ဆင့်ဆွေးနွေးပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးကိစ္စရပ်များပေးနိုင်ရေးဆောင်ရွက်နိုင်ရန် ဆွေးနွေးတင်ပြ ခဲ့သည်။ ထို့နောက် လိုအပ်သည်များကို မြေပြင်လူဦးရေစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားကာ မြေပြင်လူဦးရေစာရင်းကောက်ယူရေးအတွက် သင်တန်းဖွင့်လှစ်ပို့ချသွားမည့် အကြောင်းအရာများကို ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)