ဝါးခယ်မမြို့နယ်တွင် ဒီဇင်ဘာလ လူထုစုပေါင်း လမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဝါးခယ်မ  ဒီဇင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်တွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်၏ ကြီးကြပ်မှုဖြင့်  ဒီဇင်ဘာလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ရွာနေပြည်သူများ စုစုပေါင်းအင်အား(၃၅၀)ဦးခန့်မှ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲအဖြစ် စုပေါင်းလမ်းလျှောက်ကြရာ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ကမ်းနားလမ်းမှစတင်၍ မြူရုံးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး အ.ထ.က(၁) ကျောင်းရှေ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြသပေးသော  ကိုယ်လက်ကြံ့ခိုင်ရေးလေ့ ကျင့်ခန်းများပြုလုပ်ခဲ့ကြပြီးနောက် လမ်းလျှောက်လာသူများကို နံနက်စာ ကောက်ညှင်းပေါင်းများ ပေးဝေ ခဲ့ကြကြောင်း သိရသည်။