ဝေါမြို့နယ်၌ ဒီဇင်ဘာ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ဝေါ ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဝေါမြို့နယ်ခန်းမအရှေ့မှ ကြာလဟာကျေးရွာအထိ ဒေသခံပြည်သူ စုစုပေါင်းအင်အား (၃၀၀) ဦးကျော်ခန့်က ပျော်ရွှင်တက်ကြွစွာဖြင့် ပါဝင် လူထုစုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)