ရေနံချောင်း ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုအား ကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်ကြံ့ခိုင်ရေလေ့ကျင့် ခန်းများကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူများ စုစုပေါင်းအင်အား ၃၀၀ ဦးခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး စုရပ်မှရေနံချောင်းတက္ကသိုလ်အထိလည်းကောင်း၊ ထိုမှတဆင့် မြို့နယ်ပြည်သူ့အား ကစားကွင်းအထိလည်းကောင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ အားကစားကွင်း အတွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်