ပန်းတောင်း ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (အသားကဏ္ဍ) ပထမအကြိမ်ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကိုတောင်ရိုးစုကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ညီမှ အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက မြစိမ်းရောင်ရံပုံငွေနှင့်ပတ်သက်၍ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူး ဒေါက်တာရွှေရည်ထူးက မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တောင်ရိုးစုကျေးရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဌေးမှ ကျေးရွာသူကျေးရွာသားများသို့ စည်းကမ်းချက် များအတိုင်းလိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ရံပုံငွေကြီးကြပ်မှုကော်မတီဥက္ကဌက ကျေးရွာရံပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌသို့ မြစိမ်းရောင်ရံပုံငွေ သိန်း (၃၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။ တောင်ရိုးစုကျေးရွာ အိမ်ထောင်စုများကို ပေးအပ်ခဲ့ကြောင်းသိရသည်။ တောင်ရိုးစုကျေးရွာ အိမ်ထောင်စု(၅၀)စု အတွက်တစ်စုလျှင် နွားတစ်ကောင်နှုန်း မွေးမြူရန်အတွက် (၆သိန်း) ကျပ်ပေးအပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ တောင်ရိုးစုကျေးရွာရှိ ကျေးရွာသူ၊ ကျေးရွာသားများအင်အား (၅၇)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)