အုတ်တွင်း ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင်၂၀၂၂ ခုနှစ်၊ဒီဇင် ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲကိုယနေ့နံနက် ၅နာရီခွဲအချိန်ကမြို့တွင်း ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့် စေတီအနီးမီးပွိုင့်လမ်းဆုံ စုရပ်မှမြို့မအားကစားကွင်း ထိစုပေါင်းလမ်း လျှောက် ခဲ့ကြသည်။
အဆိုပါလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း အင်အား(၃၂၀)ဦး စု ပေါင်းပါဝင် လမ်းလျှောက်ခဲ့ကြပြီး မြို့မအားကစားကွင်းတွင် မြို့နယ်အားကစားမှူး ဒေါ်သပြေမှ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် စေရန်ရည်ရွယ် ၍သွေးပူလေ့ကျင့်ခန်းများနှင့် အကြော လျော့ လေ့ကျင့်ခန်းများအား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလအတွင်း အပတ်စဥ်စနေနေ့တိုင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)