ဖြူး ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ပြုလုပ်ရာတွင် ယနေ့နံနက်(၆)နာရီအချိန်က စတင်ကာ ဗိုလ်ချုပ်လမ်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှေ့မှ ရန်ကုန်-မန္တလေးလမ်းမကြီးအတိုင်း ဖြူးချောင်းတံတားအနီး သာသနာ့ဗိမ္မာန်ရှေ့ထိ စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့လမ်းလျှောက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၂၀)ဦး ခန့်သည် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြကြောင်းနှင့် အပတ်စဉ်စနေနေ့တိုင်း လူထု လမ်းလျှောက်ပွဲနှင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ သည်။
နေမျိုးလွင်(ပြန်/ဆက်)