သဲကုန်းမြို့တွင် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်

သဲကုန်း ဒီဇင်ဘာ ၃

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်၅နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့မှစတင်လမ်းလျှောက်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ စုစုပေါင်းလူဦးရေ ၁၈၀ ခန့်သည်  ရုံးလမ်းမှကန်သာယာလမ်း၊ ကန်သာယာကန်ပတ်လမ်း သို့ သုံးပတ်တပျော်တပါးစုပေါင်းလမ်းလျှောက်ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်၊ ပြန်/ဆက်