မအူပင်မြို့နယ်တွင် ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မအူပင် ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာရှေ့စုရပ်မှ ပြည်သူ့အားကစားကွင်းအထိ လမ်းလျှောက်ပွဲအား ပါဝင်ဆင်နွှဲခဲ့ပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းနှင့်Physical Fitness Dance လေ့ကျင့်ခန်းများကို ပြည်သူ့အားကစားကွင်းအတွင်း၌ စုပေါင်းလေ့ကျင့်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်