တောင်တွင်းကြီးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများဆောင်ရွက်

တောင်တွင်းကြီး  ဒီဇင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ  စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီက မြို့လယ်လေးလမ်းဆုံ၌ စုရပ်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများသည်  မြို့လယ်လမ်းဆုံစုရပ်မှ ပြည်လမ်းအတိုင်း အမှတ်(၁)အခြေခံပညာ ကျောင်းရှေ့အထိ ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စုရပ်သို့ပြန်လည်ရောက်ရှိလာကာ အကြောလျှော့လေ့ကျင့်ခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် များဖြစ်သည့် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး ယခုလိုဆောင်းရာသီ အချိန်တွင် လမ်းလျှောက်ရန်အကောင်းဆုံးဖြစ်ကြောင်း၊ နံနက်စောစောလမ်းလျှောက်ပါက ဦးနှောက်နှင့် အာရုံကြောကို အားကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေး ကြောင်းနှင့်အသက်ကြီးရင့်သူများတွင် သတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေး ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)