မြောင်းမြ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့နံနက် ၅ နာရီအချိန်က မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြောင်းမြခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ မြို့ရွာနေပြည်သူများက ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲအဖြစ် စုပေါင်းလမ်းလျှောက်ကြရာ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှ မြဂုဏ်ရည်လမ်း၊ နတ်စင်လမ်း၊ ဘောင်ဒရီလမ်း၊ ဗိုလ်ဗထူးလမ်း၊ ၁၁ လမ်း၊ မြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး မြို့မအားကစားကွင်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြသပေးသော ကိုယ်လက် လေ့ကျင့်ခန်းများကို စုပေါင်း ပြုလုပ်ခဲ့ကြပြီးနောက် လမ်းလျှောက်လာသူများကို နံနက်စာ ကောက်ညှင်းပေါင်းများ ပေးဝေခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)