တွံတေးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကျင်းပ

တွံတေး ဒီဇင်ဘာ ၃

၂၀၂၂ခုနှစ်၊ဒီဇင်ဘာအားကစားလ လူထုလမ်း‌လျှောက်ပွဲကို ရန်ုကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်၌ ယနေ့နံနက် ၅နာရီ ကစတင်၍ တွံတေးမြို့လွတ်လပ်ရေးကျောက်တိုင်လမ်းဆုံမှ တွံ‌တေးသိန်းတန်ရုပ်ထုလမ်းဆုံအထိ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ် ဒီဇင်ဘာအားကစားလလူထုလမ်းလျှောက်ပွဲသို့ တွံတေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်‌ကျော်သန်း၊ တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမျိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ အဖွဲ့၀င်(၁) ဗိုလ်မှူးသုတအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၃)ဦး၀င်းမြင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ၊ ကြက်ခြေနီအသင်း၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့်က တွံတေးသိန်းတန်ကြေးရုပ်ထုလမ်းဆုံအထိ လမ်းလျှောက်ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စုပေါင်းကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ခန်း‌လေ့ကျင်ခန်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

တွံတေးသား (ပြန်/ ဆက်)