ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၁၃၅ ဧက စိုက်ပျိုးပြီးစီး

ကျွန်းလှ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၁၃၅ ဧက စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၆၅၅၁ ဧက၊ နှမ်း ၁၄၀၃၁ ဧက၊ နေကြာ ၅၂၁ ဧက၊ ပန်းနှမ်း ၅၃၁၀ ဧက၊ မုံညှင်းစေ့ ၂၇၇ ဧက၊ စုစုပေါင်း ၂၆၆၉၀ ဧက စိုက်ပျိုးရန်လျားကြောင်း သိရသည်။

 “ ဒီနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆီးထွက်သီးနှံစိုက်ပျိုးဖို့ ၂၆၆၉၀ ဧကလျာထားပြီး လက်ရှိအချိန်အထိ ၃၄၁၃၅ ဧက (၁၂၇ ဒသမ ၈၉) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေကို မျိုးကောင်း မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး သင်တန်းပေးခြင်း၊ ကွင်းသရုပ်ပြပွဲများနဲ့ အထွက်နှုန်းကောင်းမွန်ရေး ကွင်းဆင်း အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မြေပဲ ၁၃၈၉၆ ဧက၊ နှမ်း ၁၄၀၃၃ ဧက၊ နေကြာ ၅၃၆ ဧက၊ ပန်းနှမ်း ၅၃၁၃ ဧက၊ မုံညှင့်းစေ့ ၃၅၇ ဧက၊ စုစုပေါင်း ၃‌၄၁၃၅ ဧက ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို ကျွန်းလှ