ဝါးခယ်မမြို့နယ်၌ ဆောင်းသီးနှံနွေစပါး၊ နေကြာ၊ ပဲးတီစိမ်း လျာထားဧကပြည့်မှီရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  ဒီဇင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာအုပ်စု အုပ်ချုပ်‌‌ရေးမှူးရုံး၊ အူကျွန်းကျေးရွာအုပ်စု ကျေးလက်ဆေးပေးခန်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မား‌‌စေရေးကော်မတီအဖွဲ့မှ တောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံနွေစပါး၊ နေကြာ၊ ပဲးတီစိမ်း လျာထားဧကပြည့်မှီရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ရီရီလွင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်မြင့်၊ လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ရဝေခင်တို့မှ ရေလိန်ကျေးရွာအုပ်စုနှင့် အူကျွန်းကျေးရွာ အုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံများဖြစ်သော နွေစပါးလျာထားချက် ဧကပြည့်မှီအောင်း စိုက်ပျိုးကြရန်၊ နေကြာလျာထားချက်ဧက ပြည့်မှီအောင် စိုက်ပျိုးကြရန် နေကြာစိုက် ပျိုးရာတွင် သီးထပ်သီးညှပ်စိုက်ပျိုးခြင်းမရှိကြရန်နှင့် နေကြာသီးသန့်စိုက်ပျိုးရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်တောင်သူများမှ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရေလိန်ကျေးရွာအုပ်စုတွင် နွေစပါးလျာထားဧက(၆၉၉)ဧက၊ နေကြာလျာထားဧက(၉၆)ဧက၊ အူကျွန်းကျေးရွာ အုပ်စုတွင် နွေးစပါးလျာထားဧက(၂၇၉)ဧက၊ နေကြာလျာထားဧက(၂၂၅)ဧက ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)