ဖျာပုံ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သမိန်ထောကုန်းတန်းကျေးရွာအုပ်စု၊ကွင်းအမှတ် (၄၂၀၊အေ)၊ ဦးပိုင်အမှတ် (၉/၂)ရှိတောင်သူ ဦးဆန်းမောင်၏လယ်မြေတွင် ကောက်ညှင်းစပါးမျိုးအားမိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ဒီဇင်ဘာလ (၁)ရက်နေ့နံနက် (၉)နာရီအချိန်ကအဆိုပါတောင်သူ၏ လယ်မြေတွင် ပြုလုပ်ကြကြောင်းသိရသည်။
အဆိုပါကောက်ညှင်းစပါးစံကွက်ရိတ် သိမ်းရာသို့ဖျာပုံမြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ သမိန်ထော ကုန်းတန်းကျေးရွာ၊ ကျေးရွာစိုက်ပျိုးထုတ်လုပ်မှုတိုး တက်မြင့်မားရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ ပါဝင်သောအဖွဲ့မှသမိန်ထောကုန်း တန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၂၀)၊ ဦးပိုင်အမှတ် (၉/ ၂)ရှိတောင်သူ ဦးဆန်းမောင်၏ လယ်မြေဧရိယာ(၀.၃၄)ဧကတွင် ကောက်ညှင်းမိုးစပါးစံကွက်ရိတ်သိမ်းကြရာ တစ်ဧကလျှင် ကောက်ညှင်း စပါးအထွက်နှုန်း( ၆၁.၆၇)တင်း ထွက်ရှိခဲ့ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)