နတ်မောက် ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စျေးကွက်ဝင်ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိ၍ ငရုတ်စိုက်ပျိုးသည့်တောင်သူများ မိသားစုဝင်စီးပွားရေး အဆင်ပြေလျက်ရှိကြောင်းသိရ သည်။
ငရုတ်စိုက်ပျိုးရာတွင် မြေအားပြုပြင်၍ ပေါင်းမြက်ရှင်းလင်းပြီး ထယ်ရေးညက်သည်အထိ ထွန်းပေးထားတဲ့ မြေပေါ်တွင် နွားချေး၊ မြေဆွေး၊ သဘာ၀ဓာတ်မြေဩဇာများကို အချိုးကျရောမွှေပြီး မြေဘောင်ခံပြုလုပ်ကာ တန်းကြားပင်ကြား နှစ်ပေခွာ စိုက်ပျိုး နိုင်ကြောင်း၊ ငရုတ်ပင်မှာ မိုးမျှော်ငရုတ်သီးပင်များဖြစ်ကာ ဆောင်းရာသီတွင် အဓိကစီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်ပေါ်မူတည်၍ မိုးငရုတ်၊ ဆောင်းငရုတ်ဟုခေါ်ဆိုကြပြီး ယခုဆိုရင် ငရုတ်သီးများ ခူးယူရောင်းချရာတွင် ငရုတ်အစို တစ်ပိဿလျှင် ငွေကျပ်(၄၀၀၀)နှုန်းရရှိ၍ တစ်နေ့လျှင် ငရုတ်သီး(၈)ပိဿ ခူးရပြီး ငရုတ်တစ်ဧကခန့် စိုက်ပျိုးထားကြောင်း နတ်မောက်မြို့နယ် ဝမ်းဘဲအင်းကျေးရွာ ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
လှဝင်း