ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)တွင် သတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာ သိနားလည်မှု ဟောပြောပွဲကျင်းပ

ဟင်္သာတ   ဒီဇင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)တွင် သတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာသိနားလည်မှု အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂  နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က ကျောင်းသား၊ကျောင်းသူများအတွက် အသိပညာပေး ဟောပြောပွဲများ ပြုလုပ် ပေးရခြင်းမှာ အချိန်ကို အကျိုးရှိစွာအသုံးပပြုတတ်စေရန်၊ တက္ကသိုလ်ကျောင်းသားဘဝတွင် မိမိတို့ဝါသနာပါရာ စာပေ၊ဂီတ၊အနုပညာပညာရပ်များကို လေ့လာပြီး အသိပညာဗဟုသုတများကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ ကျင်းပပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေ က မိမိတို့ပြန်/ဆက် ဦးစီးဌာန အကြောင်းကို ကနဦး မိတ်ဆက် ရှင်းလင်းပြီးနောက် သတင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သတင်း အမှား အမှန် ခွဲခြမ်းစိတ်ဖြာလေ့လာနည်း၊ ယနေ့ရင်ဆိုင်နေရသည့် လုပ်ကြံသတင်းများ၊ သတင်းပုံရိပ် အတုများဖြင့် မသိနားမလည်သည့် လူငယ်လူရွယ်များ၊ ရိုးသားသည့် ပြည်သူများအပေါ် သတင်းမီဒီယာအဆိပ်ခတ်၍ နိုင်ငံ့ဂုဏ်၊နိုင်ငံ့ပုံရိပ်ကျဆင်းအောင် အကွက်ချစီမံ၍ ဝါဒဖြန့်မှိုင်းတိုက်နေမှုများ၏ အန္တရာယ်များ၊ ယနေ့ လူငယ်များ အင်တာနက်သုံးစွဲခြင်းမှ ရရှိနိုင်သော ကောင်းကျိုး၊ ဆိုးကျိုးများ ၊ ဆိုရှယ်မီဒီယာ သုံးစွဲရာတွင် သိရှိလိုက်နာသင့်သော ကိစ္စရပ်များ ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပါဝါပွိုင့် များနှင့်တကွ အကျယ်တဝံ့  ရှင်းလင်းဆွေးနွေးဟောပြော ခဲ့သည်။

ကိုဇော် - ဟင်္သာတ