ကျိုက်လတ် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Maskများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် ၃ ရပ်ကွက်ရှိ မြို့မစျေးကြီး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ မြို့မစျေးအတွင်း စျေးရောင်းစျေးဝယ် ပြည်သူများ နှင့် စက်ဘီး၊ ဆိုက်ကား၊ ယာဉ်မောင်းနှင်သူ များ၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask ကို အပြင်ထွက်တိုင်း တပ်ဆင်သည့် အလေ့အကျင့် ရရှိစေရန် ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒေါ်ရီရီမြင့် ကျိုက်လတ် (ပြန်/ဆက်)