ပန်ဆောင်မြို့ တွင် မိုးစပါးတင်း ၁၀၀ အထက်ထွက်နှုန်းရရှိရေး စံပြကွက်ရိပ်သိမ်း

ပန်ဆောင် ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် မိုးစပါးတင်း ၁၀၀ အထက် ထွက်နှုန်းရရှိရေး စံပြကွက်ရိပ်သိမ်းခြင်းကို ယမန်နေ့က အောက်ရပ်ကွက် နယ်မြေကွင်းအမှတ် (၁) တောင်သူ ဦးလင်ဒါး၏ စံပြကွက်၌ ရိပ်သိမ်းခဲ့သည်။

အဆိုပါ မိုးစပါးတင်း ၁၀၀ အထက်ထွက်နှုန်းရရှိရေး စံပြကွက်ရိပ်သိမ်းရာတွင် မြို့စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးယုတ္တိက မိုးစပါးတင်း ၁၀၀ အထက် ထွက်နှုန်းရရှိရေး စံပြကွက် စိုက်ပျိုးခဲ့မှုနှင့်ပတ်တက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တာဝန်ရှိသူများ ဒေသခံတောင်သူများက စံပြကွက်ရိပ်သိမ်းနေမှုများနှင့် ပတ်တက်၍ ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါကွင်းအမှတ် (၁) ရှိ တောင်သူ ဦးလင်ဒါး၏  စံပြကွက်မှ တစ်ဧကမိုးစပါးအစို ၁၀၂ တင်းထွက်ရှိခဲ့ကြောင်းသိရှိရသည်။

ဂျာယော် (ပန်ဆောင်)