ကျောက်ဖြူ နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းအား ယနေ့နံနက် ၈ နာရီက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ဆက်လက်ပြုလုပ်စစ်ဆေးလျက်ရှိသည်။
ထိုသို့ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့မှစတင်၍ မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ် ရေးဖြေစစ်ဆေးမှုကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတဘာသာရပ်နှင့် လူတွေ့စစ်ဆေးမှုကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတို့တွင်လည်းကောင်း ကျင်းပစစ်ဆေးခဲ့ပြီးဖြစ်ကာ ယနေ့ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းအား မြို့မအားကစားဘောလုံးကွင်းကြီးတွင် ဆက်လက်စစ်ဆေးလျက်ရှိပြီး ၎င်းပြိုင်ပွဲအား မအဋ္ဌမတန်းမှ ကျောင်းသား၊ကျောင်းသူ(၁၄)ဦး၊ ဒသမတန်းမှ ကျောင်းသား၊ကျောင်းသူ (၁၂) ဦးနှင့် ဧကာဒသမတန်းမှ ကျောင်းသား၊ကျောင်းသူ (၁၁)ဦးတို့က ဝင်ရောက်စစ်ဆေးခံလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)