ကြံခင်းမြို့တွင် လူမှုဖူလုံရေးအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်း ဆေးကုသပေး

ကြံခင်း နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ရွေ့လျား ဆေးကုသယာဉ်ဖြင့် (အခမဲ့)ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက် တနင်္ဂနွေဆွမ်းကျောင်းတွင် စုရပ်သတ်မှတ် ဆေးကုပေးကြောင်း သိရသည်။

ထိုသို့ ဆေးကုသပေးရာတွင် လူမှုဖူလုံရေး(ရုံးချုပ်)နှင့် တော်ဝင်နဂါး ရောဂါရှာဖွေရေး (ဓာတ်ခွဲခန်း)တို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ လူမှုဖူလုံရေး အကျုံးဝင်ထားသော ဌာနများမှ  ဝန်ထမ်း(၃၉၈)ဦးကိုဆေးကုသပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ပေးခဲ့သည်။

အဆိုပါ ရွေ့လျားဆေးကုသယာဉ်ဖြင့် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကြံခင်းမြို့ အမှတ်(၃၂) အကြီးစားဘိလပ်မြေစက်ရုံရှိ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၁၄၄)ဦးအား အလုပ်ခွင်အရောက် ရွေ့လျားဆေးကုသယာဉ်ဖြင့် ကုသပေးခဲ့ကြောင်း မြို့နယ် လူမှုဖူလုံရေးဦးစီးအရာရှိဒေါ်ဖြိုးဖြိုးနိုင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)