မိုင်းပျဉ်း၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး(ဆင့်ပွား) အလုပ်ရုံဆေွးနွေးပွဲ ဆောင်ရွက်

မိုင်းပျဉ်း နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ ဇီဝကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက အဖွင့်အမှာစကားပြောကြားပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မိုင်းပျဉ်းမြို့နယ် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး (ဆင့်ပွား)သင်တန်းတွင် ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ သင်ယူမှုမဏ္ဍိုင်၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အရည်အသွေးမြင့်မားရေး စသည့်ဘာသာရပ်များကို ဆွေးနွေးပို့ချရာ ယမန်နေ့မှ ၃၀ ရက်နေ့အထိ (၂)ရက်တိတိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲသို့ မိုင်းပျဉ်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စုစုပေါင်း(၁၃၄)ဦး တက်ရောက်ကြကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)