ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ကဝ  နိုဝင်ဘာ ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အသက်(၁၈)နှစ်မပြည့်သေးသည့် ကလေးသူငယ်အမှုအခင်းကိစ္စများ၊ အမျိုးသမီးများနှင့်ပတ်သက်သည့်ကိစ္စများ၊ လူကုန်ကူးမှုကိစ္စများ၊ ပတ်ဝန်းကျင်ရှိ ကလေးသူငယ်နှင့်အမျိုးသမီးများ၏ အနာဂတ်လှပဖို့ ပေါင်းစပ်ညှိနှိုင်းအဖြေရှာရန်လိုအပ်ကြောင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးဒုတိယဦးစီးမှူးဒေါ်ခိုင်ခိုင်ဦးက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ပြောကြားရာတွင် ကလေးသူငယ်များ အခွင့်အရေးများအပြည့်အဝရရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးဥပဒေပြဌာန်းချက်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)