ရေး နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား စာပေထူးချွန်မှု၊ ဘက်စုံဖွံ့ဖြိုးတိုးတတ်မူနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ချက်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလွန်(၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ရေးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း (ထက်ဆင့်)နှင့် အလယ်တန်းဆင့် ကျောင်းသား၊ကျောင်းသူ များအား မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင်သူ (၆၈)ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဝင်သူ(၇၁)ဦး၊ စုစုပေါင်း(၁၃၉)ဦးအား ရေးဖြေ၊ နှုတ်ဖြေ(၂)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ Grade 5 မှ Grade 9 ထိ အတန်းလိုက် တစ်တန်းလျှင် ကျား(၁)မ(၁)ဖြင့် ရွေးချယ်၍ ပြည်နယ်အဆင့်သို့ ဆက်လက်ပြီးသွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စစ်ဆေးကာလမှာ (၂၂-၁၁-၂၀၂၂မှ၂၃-၁၁-၂၀၂၂) ရက်နေ့ထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)