ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်

မောင်တော  နိုဝင်ဘာ  ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။ 

မောင်တောမြို့တွင် (၁၀၂)နှစ် မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် အထက်တန်း နှင့် အလယ်တန်းအဆင့် ကျင်းပပြုလုပ်သည့်  အားကစားပြိုင်ပွဲများဖြစ်သော  ကွမ်းသီးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲများတွင် (ပထမ၊ဒုတိယ၊တတိယ) ဆုများရှိကြသော ကျောင်းသား၊ ကျောင်းသူများအား  ခရိုင် /မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးခင်မောင်၊ မြို့နယ်အားကစားမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့် ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)