မြောက်ဦး နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ တန်ဆောင်မှန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အားကစား ပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကုန်သည်တန်းရပ်ကွက် နန်းတော်ရာကုန်းဘေးဘောလုံးကွင်းဟောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
ယင်းနောက် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများတို့အား အားကစားပြိုင်ပွဲများတွင် ပျော်ရွှင်စွာဖြင့် ပါဝင်ကစားခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် မီတာ(၁၀၀)၊ မကွမ်းသီးကောက်ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲနှင့် ထုတ်ဆီးထိုးပြိုင်ပွဲများအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)