ကျောက်တော်မြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲ  ပြုလုပ်

ကျောက်တော် နိုဝင်ဘာ    ၁၆

 ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီကကျင်းပ ပြုလုပ်ခဲ့ သည်။

 အဆိုပါ ဆွေးနွေးပွဲတွင် နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ စာရေးဆရာမိုးကေနိုင် ရေးသားသည့် "အမျိုးသားအောင်ပွဲနေ့၊ မျိုးချစ်စိတ်နှင့်အမျိုးသားရေးတာဝန်  "ဆောင်ပါးကို ဖတ်ကြားဆွေးနွေးရာ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက "ကျော်လွန်ခဲ့ပြီဖြစ်သော မမေ့အပ်သော ရာပြည့်နှစ်များ"အကြောင်းအရာကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်- ၃ ဒေါ်ဦးမြခိုင်က မျိုးချစ်စိတ်နှင့် ပတ်သက်၍ ခံယူထားသင့်သည့်အချက်များကိုလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခင်မောင်ထွန်း