လဟယ်မြို့တွင် နှစ်ရှည်သီနှံစိုက်ခင်းများ ဆောင်ရွက်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့ ကွင်းသရုပ်ပြပွဲဆောင်ရွက်

လဟယ်  နို၀င်ဘာ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နှစ်ရှည်သီးနှံစိုက်ပျိုးတောင်သူများအား လိုအပ်သော ပျိုးပင်များရရှိနိုင်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့က တောင်သူ ဒေါ်အလင်းသေး စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ နာဂဒေသ(တာ၀န်ခံ) စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းထွန်းတင်မှ ပျိုးခြံတည်ထောင်းခြင်းအတွက် လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပါသည်။ လဟယ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းလင်းမှ ပျိုပင်များ စိုက်ပျိုးနည်းများအား ရှင်းလင်းဆွေးနွေးပြီး ပျိုးအိပ်များသွပ်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပြီး နှစ်ရှည်သီးနှံ (မက္ကာဒေးမီးယား/ဝဥ) စိုက်ပျိုးနည်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လဟယ်(ပြန်/ဆက်)