မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆောင်းနေကြာသီးသန့်၊ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

အထက်မင်းလှ နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊   မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆောင်းနေကြာသီးနှံသီးသန့်၊ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်၌   ၂၀၂၂-၂၀၂၃ ခုနှစ်တွင်   ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရန် လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက  ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ဆောင်းနေကြာ စိုက်ပျိုးရန်ပါဝင်သည့် ကျေးရွာများ၌ ဆောင်းနေကြာပင်များ  စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေ အနေများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ ဆောင်းနေကြာ ၆၉၅၈ ဧက  စိုက်ပျိုးရန်လျာထားရာမှ နိုဝင်ဘာ (၁၁) ရက်နေ့အထိ ဆောင်းနေကြာ စိုက်ပျိုးပြီးစီးမှုမှာ သီးသန့် (၄၉၃)ဧက၊ သီးညှပ်(၁၇၆၀)ဧက စုစုပေါင်း(၂၂၅၃)ဧက စိုက်ပျိုးပြီးဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 ဇာဇာ(အထက်မင်းလှ)