မိုးနဲ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံး ရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်း မြစိုးလှိုင်က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများ ဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက နောင်လိုင်ကျေးရွာအုပ်စု၊ ဝမ်ဟေကျေးရွာအုပ်စု၊ ကာဟ ကျေးရွာ အုပ်စု၊ ကုန်းလွန်း ကျေးရွာအုပ်စု၊ ဝမ်နားကျေးရွာအုပ်စု၊ မိုက်ဟိုင်းကျေးရွာအုပ်စု၊ နောင်လိုင်ကျေးရွာအုပ်စု၊ နားခံကျေးရွာအုပ်စု ၊ ကွန်နားကျေးရွာအုပ်စုတို့မှ နိုင်ငံသားစိစစ်ရေး ကတ်ပျောက်ဆုံးသူနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ၄၈၀ ဦး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကိုဗစ်-၁၉ ရောဂါကာလ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံမှ တစ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)