ရမ်းဗြဲ နိုဝင်ဘာ ၁၁
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပကြသည်။
ပြပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသရာတွင် အမျိုးသားနေ့အထိမ်းအမှတ်ဓာတ်ပုံများ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆောင်ပုဒ်များ အမျိုးသားနေ့အကြောင်း သိကောင်းစရာများနှင့် သုတ/ရသ ၊ မဂ္ဂဇင်းစာအုပ်များ၊ စာအုပ်ပေါင်း (၂၅၀) ခန့်ကို ခင်းကျင်းပြသထားရှိရာ ပြပွဲသို့ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများမှ စိတ်ပါ ဝင်စားစွာလာရောက်ကြည့်ရှုခဲ့ကြသည်။
ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များနှင့်ပြည်သူများကို အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြပွဲပြိုင်ပွဲများနှင့် စာဖတ်ဝိုင်းများကို ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)