အသက်မွေးဝမ်းကျောင်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကျင်းပ

ကျောင်းကုန်း နိုဝင်ဘာ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျေးလက်ဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လူတစ်ဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်းလောက်ရှိကြောင်း၊  မိမိကိုယ်တိုင်မောင်းနှင်ရင်း ပျက်လျှင် အလွယ်တကူပြင်နိုင်မည် ဖြစ်ကြောင်း၊ မေးသိုင်းကြိုးပါသော ဦးထုပ်များ ဆောင်းကြရန် ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်ဖို့အတွက် ယခုလိုသင်တန်းဖွင့်လှစ်ပေး ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန် က အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကာလမှာ အောက်တိုဘာလ ၁၃ ရက်နေ့ မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ရက်‌ပေါင်း(၃၀) သင်ကြား ပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ကြသည်။ သင်တန်း နည်းပြဆရာ ဦးဝေအောင်အား  ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး သင်တန်းထူးချွန်ဆုအဖြစ် ပထမဆုရရှိသော မောင်ဖြိုးမင်းနိုင်နှင့် ဒုတိယဆုရရှိသော မောင်ထက်ဝေဦးတို့ အား တာဝန်ရှိသူတို့က ဆုချီးမြှင့်ခဲ့ကြသည်။ သင်တန်းသား မောင်ရဲနိုင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)