ရွှေတောင်မြို့နယ်တွင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေတောင် နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်တွင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်တွင်ကောက်ယူထားသည့် လူဦးရေစာရင်းများ၊ ဆောင်ရွက်ထားရှိမှုများ၊ ဌာနဆိုင်ရာများကို အဖွဲ့(၈)ဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်းနှင့် အချိန်မီပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လဝကဦးစီးမှူးဦးသန်းထူးမှ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ များ ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ထပ်ဆင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သိရှိလိုသည်များကို တင်ပြတင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)