စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “လူငယ်ရေးရာအသိပညာပေး” Talk Show ကျင်းပဆောင်ရွက်

စစ်ကိုင်း နိုဝင်ဘာ ၁၁

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့နယ် Book Club အသင်းအဖွဲ့ တို့ ပူးပေါင်း၍ “လူငယ်ရေးရာ အသိပညာပေး” အဖြစ် “လူငယ်နှင့် စာပေဖတ်ရှုခြင်း” Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

Talk Show ကျင်းပဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပေးပြီး Book Club အဖွဲ့ဝင် တစ်ဦးဖြစ်သူ အငြိမ်းစားဝန်ထမ်းတစ်ဦးက ယနေ့လူ ငယ်များ စာဖတ်အားနည်းလာတာကို တွေ့ရှိနေရကြောင်း၊ နည်းပညာခေတ်မှာ နည်းပညာနောက် လိုက်စားကြ သလို သုတ/ရသ စာအုပ်/စာစောင်များကိုလည်း ဖတ်ရှုလေ့လာသင့်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများရှိကြောင်းကို ကမ္ဘာနှင့် အဝှမ်း အောင်မြင်ကျော်ကြားလာတဲ့ လူပုဂ္ဂိုလ် များအကြောင်းကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများ ရရှိစေရန် Talk Show များ ဆောင်ရွက်ခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်